Wednesday, October 1, 2008

ဟာသများ

ခပ်ချောချောကောင်မလေးတစ်ယောက်

ဇာတ်လမ်းလေးတစ်ခုပြောပြဦးမယ် …
နားထောင်…..အဲ …ဖတ်ကြည့် …

အသက်ကြီးကြီးလူကြီးတစ်ယောက်ဟာ သူ့ရဲ့ အိမ်လေးထဲမှာ တစ်ယောက်တည်းရှိနေတုန်းခပ်ချောချောကောင်မလေးတစ်ယောက် ၀င်လာတယ်။လူကြီးက ကောင်မလေးကြည့်ရတာမောလာပုံပေါက်နေတာကြောင့်အိုးထဲကရေတစ်ခွက်ခပ်တိုက်လိုက်ပြီး သူ့နေရာမှာ သူပြန်ထိုင်နေတုန်း ..ကောင်မလေးက သူဝတ်ထားတဲ့ အ၀တ်အစားတွေကိုတစ်ဗျန်းဗျန်းနဲ့ဆွဲဖြဲလိုက်တာကိုမြင်လိုက်ရတာကြောင့် လူကြီးလဲ လန့်သွားသတဲ့။ပြီးတော့ .. ကောင်မလေးက …“ ရှင်ကျွန်မကို ငွေတစ်သိန်း အခုချက်ခြင်းပေးရင်ပေး ..မပေးလို့ကတော့ … ကျွန်မကို မတော်မတရားလုပ်နေပါတယ်လို့အော်လိုက်မယ် …”လို့ပြောတော့တာပဲ …။
ကဲ … အဲဒီလူကြီးနေရာမှာဆိုရင် ဘယ့်နှယ်လုပ်လိုက်မယ်လို့ စိတ်ကူးသလဲ …။မဖြေနိုင်ရင်ဆက်ဖတ် ….။ကဲ … ဆက်ပြောမယ် ..။
ကောင်မလေးက အဲဒီလိုလဲပြောရော လူကြီးက ဘာမှ နားမလည်တဲ့မျက်နှာလေးနဲ့…“ဘာပြောတယ် …မင်းပြောတာကို ဘာမှ မကြားရဘူး …ဦးကနားလေးတယ်ကွ”လို့ပြန်ပြောလိုက်တော့ ကောင်မလေးက အသံကိုမြှင့်ပြီး ခုနကအတိုင်းပဲ ထပ်ပြောပြန်ပါရော…။ဒီတော့ လူကြီးက ကောင်မလေးကို စာရွက်လေးတစ်ရွက်နဲ့ ဘောပင်ပေးလိုက်ပြီး…“ကဲ မင်းခုနကပြောတာတွေကို ရေးပြီးသာပြောပေတော့ကွာ… ဒီလိုမှဟုတ်ရင် …ဒို့နှစ်ယောက်စကားစမြည်ပြောလို့ရမှာမဟုတ်တော့ဘူး ….” လို့ ခေါင်းတစ်ခါခါနဲ့ပြောတာကြောင့်စိတ်မရှည်တော့တဲ့ ကောင်မလေးက ခုနကအတိုင်းပဲ စာရွက်ပေါ်မှာရေးပေးလိုက်တယ်။
ဒီတော့ လူကြီးက စာကို အသေအချာဖတ်ပြီး။ “ပိုက်ဆံတော့ မပေးနိုင်ဘူး … ရှိလဲမရှိဘူး …မင်းကြိုက်သလိုလုပ်နိုင်တယ် …ကလေးမ…” လို့ပြန်ပြောလိုက်သတဲ့။ဒီတော့ကောင်မလေးက “ဦး … သေချာစဉ်းစားပါဦးလေ … ဦးအတွက် အန္တရာယ်ရှိတယ်နော်…ကျွန်မကတစ်ကယ်လုပ်မှာ…”လို့ပြန်ပြောတော့ ..လူကြီးက …“ကိစ္စမရှိပါဘူးကွာ… တာဝန်ရှိတဲ့သူတွေ ရောက်လာတော့လဲ …မင်းရေးထားတဲ့စာလေး ထုတ်ပြလိုက်ရုံပဲပေါ့ ..” လို့ပြန်ပြောလိုက်ပြီးအာခြောက်သွားတာကြောင့်အိုးထဲကရေတစ်ခွက်ကို အေးအေဆေးဆေးပဲခပ်သောက်လိုက်သတဲ့။